Friday, September 19, 2008

သေတမ်းစာ

သေခြင်း.. ရှင်သန်လာခဲ့ခြင်းရဲ့ အဆုံးသတ်က သေခြင်းတရားပါပဲ...
ကျွန်တော်တို့ဟာ သေဆုံးခြင်းကို အချိန်မရွေး ကြုံတွေ့နိုင်တယ်။
မနေ့က အကောင်းကြီးပဲ ဒီနေ့ ဘယ်လိုဖြစ်တာလဲဆိုတဲ့ ရုတ်တရက်သေခြင်းမျိုးကို
ပတ်ဝန်းကျင်မှာ တွေ့ကြုံရမြဲပါ...

ဘုရားကျောင်းတစ်ခုရှိ ပြာအိုးလေးများနှင့် မှတ်တိုင်လေးများကို ရိုက်ထားခြင်းဖြစ်ပါတယ်
DSC_0227

DSC_0228

ရောဂါကြောင့် သေတယ်၊ မတော်တဆ ထိခိုက်မှုတွေကြောင့်သေတယ်။
အဲလို ကိုယ့်သေမယ့် ရက်ကိုကြိုမသိနိုင်တဲ့ သေခြင်းမျိုးတွေအပြင်
ကိုယ်သေမယ့် ရက် ဒါမှမဟုတ် နှစ်ကို ကြိုသိနေတဲ့ ရောဂါရထားတဲ့သူတွေ...
ကိုယ့်ကို ကို စနစ်တကျ စီမံပြီး အဆုံးစီရင်သူတွေ.. ကိုယ်နဲ့ အတူ
အခြားသူတွေကိုပါ အတူခေါ်ဆောင်သွားတဲ့ အသေခံဗုံးခွဲတိုက်ခိုက်သူတွေ...

သုသာန်ဟောင်းတစ်ခုပါ.. မသုံးတာနှစ်ပေါင်းကြာလှပြီဖြစ်တဲ့ ဒီနေရာမှာ ဘယ်သူ ပန်းခွေလာချသွားတာပါလဲ...
DSC_0008

DSC_0004

ဘယ်လိုနည်းမျိုးနဲ့ သေ သေ... မသေခင်မှာ တန်ဖိုးရှိအောင်လေးနေသွားရအောင်..
မာန်မာနတွေကို နည်းနည်းလောက် ထိန်းကြည့်ပါ.. ဒေါသတွေကို လျှော့ကြည့်ပါ..
လိုချင်မှု လောဘတွေကို ရောင့်ရဲကြည့်ပါ.. လူအချင်းချင်း စာနာကြည့်ပါ... လေးစားပါ..
ဂရုဏာတရားထားပါ...

ကျွန်တော်ကို ကျွန်တော် သတိပေးတယ်...
“သေခြင်းတရားမှာ လက်တကမ်းမှာ ရှိတယ်!!!!”

ကျွန်တော်သာ ရုတ်တရက်သေဆုံးသွားရင်...
ကျွန်တော့်ကြောင့် စိတ်ဒုက္ခ အကြီးအကျယ်ရောက်ကြတဲ့သူတွေ ကျွန်တော်အား ခွင့်လွတ်ပါရန်...

4 comments:

ဂျစ်တူး - gyit_tu said...

ကိုငယ်ရေ .. ပုံတွေကို အမြဲ တင်တိုင်း ကြည့်ဖြစ်ပါတယ် ။ ဒီတခေါက်မှ ကွန်မန့်ရေးဖြစ်တာ ။

သေမင်းက တကယ်လက်တကမ်းမှာ အမြဲရှိဆဲ ။

ပြာအိုးတွေနဲ့ ပုံကိုကြိုက်တယ် ။ အော် လူဆိုတာ သေတော့လည်း တူညီမှုတခုက .. အကုန် ပြာ ဖြစ်တာပါပဲလို့ ... ။

ဇင်ယော် said...

ပြာအိုးလေးတွေ တန်းစီနေသလို သေပြီးရင်ရော ဘယ်နေရာမှာ ကျနော်တို့  တန်းစီနေရဦးမှာလဲ။

ကိုငယ် said...

မဂျစ်...လာလည်တာ ကျေးဇူးတင်ပါတယ်ခင်ဗျာ..
ဇင်ယော်...သုသာန်မှာတော့သေချာတယ်ဗျာ.. အဲဒီနေရာပြီးရင်တော့ ကျွန်တော်မသိတော့ဘူး...
ကြိုတွေးလို့ရတာ အဲ့ဒီနေရာ နောက်ဆုံးပဲ...

မစ်(စ်)သွန်းသွန်း said...

(ကျွန်တော်သာ ရုတ်တရက်သေဆုံးသွားရင်...
ကျွန်တော့်ကြောင့် စိတ်ဒုက္ခ အကြီးအကျယ်ရောက်ကြတဲ့သူတွေ ကျွန်တော်အား ခွင့်လွတ်ပါရန်....)


အဲဒါဆို အသက်ရှင်နေသရွေ့ကတော့ ခွင့်မလွတ်ဘူး တွေ့ရာသချိင်္ုင်းဓါးမဆိုင်း လို့ရသေးတယ်ပေါ့နော် ။ :P