ဘ၀မှာလည်း အတူတူပါပဲ.. တခါတလေမှာ အောင်မြင်မှုတွေ ကြွယ်ဝမှုတွေ အာဏာရှိမှု တွေနဲ့ ကြုံရတတ်ပါတယ်။

ကိုယ်ရောက်နေတဲ့ နေရာကနေ အောက်ဖက်ကို ခဏလောက်ပြန်ကြည့်လိုက်ပါ။ ကျွန်တော်တို့ တွေ ဘယ်နေရာက တက်လာကြတာလဲ
ဆိုတာ ကိုယ်တိုင် သတိရစေတဲ့ အရာမျိုးကိုပါ။

ဘ၀မှာ အနိမ့်တွေကိုလည်း ကြုံရ သလို အမြင့်ကိုလည်း ကြုံရမှာပါပဲ.. ကိုယ်နိမ့်ကျနေတဲ့ အချိန်မှာ ဥာဏ်၊ ၀ီရိယ အားကိုးပြီး ကံကောင်းတဲ့တစ်ချိန်မှာ အပေါ်ကို ရောက်သွားတတ်ကြတယ်...
အမြင့် ဆိုတာက အချိန်မရွေး အောက်ကို ပြုတ်ကျ နိုင်တဲ့ အရာပါ။ အဲဒီ သဘောတရားကို နားလည်ဖို့ လိုပါလိမ့်မယ်...
တချို့ အမြင့်ကနေတဲ့သူများ ဟာ အောက်ကို ဖိရင်းဖိရင် နေရာမှာ မြဲဖို့ ကျားကန်နေကြတယ်... အဲဒီသူများဟာ အကျရဲ့ အရှိန်ကို
မခံနိုင်ဘဲ ဖြစ်တတ်ပါတယ်... ကျားကန်ခံနေရတဲ့ ဖိနှိပ်ခံ အရာတွေ ပြိုလဲတဲ့ အချိန်မှာ ၀ုန်းခနဲ ဆိုပြီး လဲကျတတ်ပါတယ်..
အနိမ့် အမြင့် အတက် အကျ ဆိုတာက လောကမှာ ရှိတဲ့ သဘာဝတရား တစ်ခုအနေနဲ့ လက်ခံထားပြီး ...
အမြင့်ကို တက်ချိန်မှာ အခြေ မလွတ်ဖို့ ( ဘ၀င် လေမဟပ်ဖို့)ရယ် အနိမ့်ကို ကျတဲ့ အချိန်မှာ သက်သာစွာ ဆင်းသက်နိုင်ဖို့လည်း ပြင်ဆင်ထားရအောင်...
No comments:
Post a Comment