Friday, February 13, 2009

အမှောင်မှ အလင်းသို့ ဖြန့်ကျက်ခြင်း

စင်္ကာပူကျွန်းသေးသေးတွင် သွားစရာ လည်စရာ ဓာတ်ပုံရိုက်စရာ အတော်ရှားသောကြောင့် မြင်နေကျ HDB တိုက်တန်းများကို တခါတလေ အမြင်တမျိုးဆန်းဆန်းနှင့် မြင်ကြည့်သော အခါ အရောင်မျိုးစုံ ရောယှက်ကာ လှပနေသည်။

HDB1

ဟိုး အဝေးဆီမှာ စေတီလေး တစ်ဆူကို ခပ်ရေးရေး တွေ့မြင်ရသည်။ နောက်ခံ မိုးမြင့်တိုက်များကိုလည်း လှမ်းမြင်နေရသည်။

HDB2

ဤပုံတွင် စင်္ကာပူ နိုင်ငံ၏ နာမည်ကြီး PSA ကုန်တင်ကုန်ချ သင်္ဘောဆိပ်ကမ်းကို မြင်နေရသည်။ အမှောင်ထဲမှ ကျွန်တော် လှမ်းကြည့်လိုက်တဲ့အချိန်တွင် တိမ်မှောင်မှောင်တို့ကြားမှ ထိုးထွက်လာသော အလင်းရောင်တချို့ကို တွေ့လိုက်ရသည်။ တစုံတရာကို ခံစားမိလိုက်သည်။ ကြည်နူးမှုလို့ ကျွန်တော်ထင်သည်။

Wednesday, February 4, 2009

ပန်းရယ် ပျားရယ်..

နေရောင် အကျမှာ ပန်းခင်းကလေးက အရောင်တွေ တောက်ကာ လှပနေတယ်...

flowers

DSC_0022

ပန်းခင်းကလေးမှာ ပန်းဝတ်မှုန်ကူးတဲ့ ပျားကောင်လေးတွေ ၀ဲကာပျံနေတယ်.. ဟိုတစ်ကောင် ဒီတစ်ကောင်...
ဟိုတစ်ပွင့်က ခုန်ပျံလွှားပြီး ဒီတစ်ပွင့်ဆီ ကူးလာပြန်တယ်...

b and flower2

b and flowers

သိပ်လှတဲ့ မြင်ကွင်းတစ်ခုဖြစ်သလို သဘာဝသိပ်ကျတဲ့ ဖြစ်တည်မှုတစ်ရပ်ဖြစ်တယ်...