Thursday, February 28, 2008

မဟာမြတ်မုနိ ရုပ်ပွားတော်

maharmuni


ရုပ်ပွားတော်ကို အနီးကပ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်..
အေးချမ်းခြင်း၊ တည်ငြိမ်ခြင်း တို့ကိုခံစားရပါတယ်..

သူငယ်ချင်း နေဘုန်းလတ် တစ်ယောက် အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ...

မြန်မာပြည်အေးချမ်းပါစေ...

ပြည်သူတွေ ငြိမ်းချမ်းပါစေ...

Tuesday, February 26, 2008

မလကာရေလက်ကြားမှ အိမ်လွမ်းချင်း

malaka st paul2


မလေးရှားနိုင်ငံမှ မလကာ
မြို့ကလေးရှိဘုရားကျောင်းတစ်ခုအတွင်းမှ ရိုက်ယူထားခြင်းဖြစ်ပါတယ်။ အပြင်ရှိ ခေတ်မှီအဆောက်အအုံများကို တံခါးမဲ့သော အပေါက်များမှ လှမ်းမြင်နေရပါတယ်။

ဟောင်းနွမ်းခြင်းနှင့် သစ်လွင်ခြင်း ၊ ပြိုပျက်ခြင်းနှင့် ဖြစ်တည်ခြင်း ဆန့်ကျင်ဘက်မြင်ကွင်းကို ဤပုံလေးတွင် မြင်တွေ့နိုင်ပါတယ်။

ကျွန်တော်ကတော့... အိမ်အိုလေးကို လွမ်းဆွတ် သတိရမိရင်း...

Home-sick rhythm from Malakka

This was taken from one of the old churches from Malakka, Malaysia. Outside modernized buildings are seen from the holes with no doors.

Old and fresh, damaging and growing, like this opposite scene can be seen in it.

As for me,being missing and remembering of small old house from my homeland, Burma....