Friday, March 28, 2008

အင်းဝ မယ်နုအုတ်ကျောင်းမှ ပန်းချီကားလေးများ

shop

ပန်းချီကားတွေကို ဓာတ်ပုံရိုက်ထားတာပါ။

old lady

ပြောင်းဖူးဖက် ဆေးလိပ်နှင့် အမယ်ကြီး

shan

တောင်ပေါ်ဈေးတစ်ခုရဲ့ မြင်ကွင်းလို့ထင်ပါတယ်...

karen

ဇွဲကပင်တောင်နောက်ခံထားပြီးရေးဆွဲထားတာပါ။
ူဒုံးယိမ်းတွေ ရင်ထဲရောက်လာပါတယ်..

smile

ဆေးတံကိုဖွာရင်း အားရပါးရပြုံးတဲ့ အပြုံးတစ်ချက်ပါ။ ရင်ထဲကို အပြုံးတွေ ကူးစက်လာပါတယ်..

Saturday, March 1, 2008

တောင်သမန်၊ ဦးပိန်တံတား နှင့် ဒေါက်တာသန်းထွန်း

sundown to west

နေမင်းကြီးက အနောက်ဘက်ဆီသို့ တရွေ့ရွေ့ ခရီးနှင်နေပါတယ်.. ကျနေလိုခေါ်တဲ့ နေရောင်ပြင်းပြင်းက တောင်သမန်အင်းနဲ့ဦးပိန်တံတားပေါ်ကို ထိုးကျနေတဲ့အချိန်ပေါ့...

fishing under sunlight

ဦးပိန်တံတားအရိပ်အောက် ရေစပ်စပ်ရှိတဲ့နေရာလေးမှာဝမ်းစာရှာနေတဲ့လူအချို့...

sunset

နေလုံးကြီးက သူ့ခန္ဓာကိုယ်ကနေ အရောင်တွေကို အစွမ်းကုန် သွန်ချပြီး လောကကြီးကို တနေ့တာ နှုတ်ဆက်နေလေပြီ...ဒါ သိပ်လှတဲ့ ညနေဆည်းဆာတစ်ခုပေါ့...

same place

ဒီနေရာလေးပါပဲ... တောင်သမန်ရဲ့ ဆည်းဆာကို မှတ်တမ်းတင်ချင်သူတို့ က ရိုက်တဲ့မြင်ကွင်းပါ..

boats

ဟိုး... ခပ်လှမ်းလှမ်းက တောက်သမန်ရေပြင်မှာ ငှက်(လှေ)စီးနေကြတဲ့သူတွေကို လှမ်းမြင်ရတယ်..

Dr than tun

အမရပူရ တောင်လေးလုံးဘုန်းတော်ကြီးကျောင်း မယ်ဇယ်ပင်တွေရဲ့ အောက် ငြိမ်းချမ်း စိတ်ငြိမ်တဲ့ နေရာလေးမှာ..သမိုင်းကိုလေးစားတဲ့ သမိုင်းကိုချစ်တဲ့ သမိုင်းကို မှတ်တမ်းတင်တဲ့ သမိုင်းသုသေတန ဆရာကြီး ဒေါက်တာသန်းထွန်းတစ်ယောက် အေးချမ်းစွာလဲလျောင်းနေပါတယ်..