နေမင်းကြီးက အနောက်ဘက်ဆီသို့ တရွေ့ရွေ့ ခရီးနှင်နေပါတယ်.. ကျနေလိုခေါ်တဲ့ နေရောင်ပြင်းပြင်းက တောင်သမန်အင်းနဲ့ဦးပိန်တံတားပေါ်ကို ထိုးကျနေတဲ့အချိန်ပေါ့...

ဦးပိန်တံတားအရိပ်အောက် ရေစပ်စပ်ရှိတဲ့နေရာလေးမှာဝမ်းစာရှာနေတဲ့လူအချို့...

နေလုံးကြီးက သူ့ခန္ဓာကိုယ်ကနေ အရောင်တွေကို အစွမ်းကုန် သွန်ချပြီး လောကကြီးကို တနေ့တာ နှုတ်ဆက်နေလေပြီ...ဒါ သိပ်လှတဲ့ ညနေဆည်းဆာတစ်ခုပေါ့...

ဒီနေရာလေးပါပဲ... တောင်သမန်ရဲ့ ဆည်းဆာကို မှတ်တမ်းတင်ချင်သူတို့ က ရိုက်တဲ့မြင်ကွင်းပါ..

ဟိုး... ခပ်လှမ်းလှမ်းက တောက်သမန်ရေပြင်မှာ ငှက်(လှေ)စီးနေကြတဲ့သူတွေကို လှမ်းမြင်ရတယ်..

အမရပူရ တောင်လေးလုံးဘုန်းတော်ကြီးကျောင်း မယ်ဇယ်ပင်တွေရဲ့ အောက် ငြိမ်းချမ်း စိတ်ငြိမ်တဲ့ နေရာလေးမှာ..သမိုင်းကိုလေးစားတဲ့ သမိုင်းကိုချစ်တဲ့ သမိုင်းကို မှတ်တမ်းတင်တဲ့ သမိုင်းသုသေတန ဆရာကြီး ဒေါက်တာသန်းထွန်းတစ်ယောက် အေးချမ်းစွာလဲလျောင်းနေပါတယ်..
2 comments:
လှလိုက်တာ . . . မြန်မာပြည်ကိုအရမ်းလွမ်းတာပဲ။ ဒီနှစ်ပြန်ဖြစ်လို့ရှိရင် ဓါတ်ပုံတွေအများကြီးရိုက်လာရမယ်။ သံစဉ်လည်း ဓါတ်ပုံရိုက်တာ ၀ါသနာပါတယ်။ တော်တော့မတော်ဘူး။ အခုမှ ဘလော့ခ်စရေးခါစဆိုတော့ ဓါတ်ပုံတွေမတင်ရသေးဘူး။ ဒီလထဲမှာတော့ တင်ဖြစ်မယ်ထင်ပါတယ်။ ဂျပန်နိုင်ငံက ရှုခင်းတချို့ပေါ့။ အားရင်လာကြည့်ပါဦး။

Post a Comment