အချိန်တွေ နည်းလွန်းလှတဲ့ ထဲမှာ ပိုစ့်တစ်ခုတင်ဖို့ရာ မနည်းအချိန်ပေးရပါတယ်.. တင်မယ်လို့လုပ်လိုက်ပေမယ့် ရှိနေတဲ့ ဓာတ်ပုံလေးတွေက
စိတ်တိုင်းကျ မဟုတ်တော့ မတင်ဖြစ်ပြန်ဘူး..
တနေ့က စင်္ကာပူရဲ့ ညရှုခင်း.. စင်္ကာပူမြစ်နဲ့ မိုးမြင့်တိုက်တွေကို ရိုက်ဖြစ်ခဲ့တယ်..မဆိုးလှတဲ့ ဓာတ်ပုံလေးတွေမို့
ဘလောက်မှာ တင်ချင်တယ်... တင်မယ်တင်မယ်နဲ့ မအားတာနဲ့ မတင်ဖြစ်ခဲ့ဘူး..
ဒီနေ့တော့ MBS ကလုပ်တဲ့ World Blog Day အမှတ်တရပွဲလေးကို ဘလောက်ဂါမဟုတ်တဲ့ ကျွန်တော်က ရောက်သွားမိတယ်..
နေဘုန်းလတ်ကို သတိရလာတာတယ်..
အိမ်ကို ပြန်ရောက်တာနဲ့ ဒီပုံလေးတွေကို တင်လိုက်တယ်...
အမှောင်တွေနဲ့ တိုက်ပါမှ လင်း..လင်း လာတဲ့ည

တိမ်တောင်တွေ တရိပ်ရိပ် လွင့်ကတဲ့ ည

မြူးကြွတဲ့ ည..

သြော်.. နီယွန်တွေ လှပတဲ့ည

ဒီလိုညမှာ...
ဖယောင်းတိုင်တစ်ထုတ်၊ ရက်ပေးမီးချောင်းတစ်ချောင်းနဲ့
ပျက်အစဉ် လာခဏ လျှပ်စစ်မီးနဲ့
မှောင်မိုက်မိုက်..အမေ့အိမ်ကို လွမ်းတယ်..
3 comments:
ကျွန်တော်လဲ ညရှုခင်း တစ်ပုံ သူများ သုံးချောင်းထောက်ရယ်၊ wide angle ရယ် ရှိတုန်း ရိုက်ဖူးလိုက်တယ်။ ပုံတွေ လာကြည့်သွားပါတယ်။
mrdba>> ပုံတွေအတွက် ကျေးဇူးပဲအကိုရေ..
WOW WOW WOW WOW!!!! COOLLLLLLLLLL!!!!
GREAT!!!!!!! hla lite tar!
Post a Comment