ကင်မရာကို စကိုင်စ ကတည်းက ညဘက်ကို ဓာတ်ပုံရိုက်ထွက်ရင် စိတ်တိုင်းမကျတဲ့ ပုံတွေ ထွက်ထွက်လာတယ်။
တချို့က မှုန်ဝါးဝါး တချို့က ဘလားဘလား...
ဒီရက်ပိုင်းမှ စိတ်တိုင်းကျ ပုံလေးတွေရလာတယ်... Shutter speed ကို နားလည်လိုက်ခြင်းရဲ့ ပထမဆုံးပုံလေးကတော့
အိမ်က စာအုပ်စင်လေးပါ... အိပ်မက်ဆန်ဆန် ၀ိုးတ၀ါး ပုံရိပ်တွေကို ကျွန်တော်သဘောကျမိတယ်။
မီးပွိုင့် တစ်ခုမှာ ဖြတ်သွားတဲ့ ကားတွေကို ရိုက်ထားတာပါ...
ဒါကတော့ နောက်တစ်ပုံပါ..
ဒီပုံမှာ တော့ ဟိုး အဝေးက စင်္ကာပူ ပါလီမန်ကို လှမ်းမြင်ရတယ်။ အဲဒီမှာ စင်္ကာပူရဲ့ အရှိန်ကို ကျွန်တော်တွေးမိသွားတယ်။
အရှိန်နဲ့အဟုန်နဲ့ စင်္ကာပူလူမျိုးတွေကြိုးစားခဲ့ကြတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခု ငါးခုလောက်ကမှပါ... အခုတော့ ကမ္ဘာ့ရဲ့
အဖွံ့ဖြိုးဆုံး နိုင်ငံတွေထဲမှာ ရှိနေပါပြီ... အကောင်းနဲ့ အဆိုးဆိုတာ ခွဲခြားလို့မရ အောင် ဒွန်တွဲနေတတ်တဲ့ အရာနှစ်ခုပါ...
ပြီးပြည့်စုံခြင်း၊ အရာရာမှာ ကောင်းနေခြင်းဆိုတာ လောကမှာ မရှိနိုင်ပါဘူး...စင်္ကာပူဟာ အမှားအနည်းဆုံးလမ်ကြောင်းပေါ်ကို
ရောက်ခဲ့တယ်။
တတိယမျိုးဆက် ၀န်ကြီးချုပ် လီရှန်လုံးက “ ငါတို့မှာ ကြီးကျယ်တဲ့ သမိုင်းဆိုတာမရှိခဲ့ဘူး.. ဒါကြောင့်
သမိုင်းရှိခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကြည့်ပြီး အတုယူရမယ်၊ သူတို့အမှားတွေကို ကြည့်ပြီး ငါတို့ သင်ခန်းစာယူရမယ်” လို့ ပြောတယ်။
ကျွန်တော်တို့ တွေလည်း စင်္ကာပူလူမျိုးတွေဆီက အတုယူစရာတွေ အများကြီး ရှိနေပါတယ်...။
Subscribe to:
Post Comments (Atom)
3 comments:
ပုံတွေကောင်းတယ် ကိုငယ်ရေ။
အရှိန်ဆိုတာကိုသဘောကျတယ်ဗျာ။
အပြာရောင်ကငြိမ့်ငြိမ့်လေးဆိုပဲ။ :)
မမီ ဘန်ကောက်က အပြန်ကို မှာလိုက်ရမှာ..အိုင်ဒီယာ အောက်သွားတယ်.. ဟဲ..ဟဲ.
ပုံတွေ မိုက်တယ်ကွ။
Post a Comment