စင်္ကာပူကျွန်းသေးသေးတွင် သွားစရာ လည်စရာ ဓာတ်ပုံရိုက်စရာ အတော်ရှားသောကြောင့် မြင်နေကျ HDB တိုက်တန်းများကို တခါတလေ အမြင်တမျိုးဆန်းဆန်းနှင့် မြင်ကြည့်သော အခါ အရောင်မျိုးစုံ ရောယှက်ကာ လှပနေသည်။
ဟိုး အဝေးဆီမှာ စေတီလေး တစ်ဆူကို ခပ်ရေးရေး တွေ့မြင်ရသည်။ နောက်ခံ မိုးမြင့်တိုက်များကိုလည်း လှမ်းမြင်နေရသည်။
ဤပုံတွင် စင်္ကာပူ နိုင်ငံ၏ နာမည်ကြီး PSA ကုန်တင်ကုန်ချ သင်္ဘောဆိပ်ကမ်းကို မြင်နေရသည်။ အမှောင်ထဲမှ ကျွန်တော် လှမ်းကြည့်လိုက်တဲ့အချိန်တွင် တိမ်မှောင်မှောင်တို့ကြားမှ ထိုးထွက်လာသော အလင်းရောင်တချို့ကို တွေ့လိုက်ရသည်။ တစုံတရာကို ခံစားမိလိုက်သည်။ ကြည်နူးမှုလို့ ကျွန်တော်ထင်သည်။
Subscribe to:
Post Comments (Atom)
1 comment:
PSA ဆိမ်ကမ်းကို မြင်နေရတဲ့ ပုံလေးသဘောကျတယ်.. နောင်ကြီး..
Post a Comment