Photograph ဆိုတဲ့စာလုံးဟာ Phos(အလင်း) နဲ့ Graphos(ပုံဆွဲခြင်း) ဆိုတဲ့ ဂရိစကားလုံးတွေကနေဆင်းသက်လာတာတဲ့ ...။ စာအုပ်တစ်အုပ်ထဲမှာ အဲဒီလိုဖတ်ခဲ့ဖူးပါတယ်။ အဲဒီ့တော့ Photogrphing ဆိုတဲ့စကားလုံးကို ကျွန်တော်က Drawing with light အလင်းဖြင့်ပုံဆွဲခြင်းလို့အဓိပ္ပါယ်ဖွင့်ဆိုလိုက်တယ်။ ဒီတော့ ဓါတ်ပုံ ဆိုတာ အလင်းနဲ့ဆွဲထားတဲ့ပန်းချီကားတွေပဲပေါ့။ ကျွန်တော်အလင်းတွေကိုသုံးပြီးရေးထားတဲ့ ပန်းချီကားလေးတွေကို ခံစားကြည့်ကြပါဦး။ ကျွန်တော်ရိုက်ထားတဲ့ဓါတ်ပုံလေးတွေက ၀ါသနာရှင်တစ်ဦးရဲ့ လက်ရာတွေဖြစ်တာကြောင့် Drawing အဆင့်မရောက်သေးဘူးလို့ ယူဆတဲ့အတွက် ကျွန်တော့်ဘလော့ဂ်လေးရဲ့နာမည်ကိုတော့ sketchingwithlight.blogspot.com လို့ပေးလိုက်ပါတယ်။
The word, Photograph, derived from two Greek words: Phos(Light) and Graphos(Drawing). I've been to read it in a book. So, I would like to define Photographing as Drawing with light. Thence, photographs are paintings which was drawn with light. Please feel the paintings which I drew with lights. Being Photographs which I took like a buff's handiwork, as I assume that it is not yet reached to Drawing, I do give name as sketchingwithlight.blogspot.com
Thanks a lot to visit my blog.
3 comments:
အလင်းနဲ့ ဖန်တီးရှင်။
အလင်းတွေထဲက
မကြည့်ရဲစရာ မြင်ကွင်းတွေကြောင့်
မကြည့်ရက်စရာ မြင်ကွင်းတွေကြောင့်
မကြည့်ချင်စရာ မြင်ကွင်းတွေကြောင့်
ကိုယ့်ကိုယ်ကို အိပ်မွေ့သိပ်
ငါ့မျက်လုံးအစုံကို အတင်းမှိတ်
အမှောင်တွေထဲမှာ ဇွတ်အိပ်ခဲ့တယ်။
အမှန်တရားကို ရင်မဆိုင်ရဲ
ထွက်ပြေးဆဲ အခါမှာပေါ့။
ငါဒီလို ရှုံးနိမ့်နေဆဲ
အလင်းနဲ့ ပန်းချီဆွဲသတဲ့
ကိုယ်မြင်ချင်တာတွေကို
အလင်း ရောင်စုံတွေနဲ့ ဖန်တီး
ငါတကယ် အံ့ချီးမိပါရဲ့
ဂုဏ်ယူပါတယ် သူငယ်ချင်း
အလင်းနဲ့ ဖန်တီးရှင်။
ဒီကဗျာလေးအတွက် ကျေးဇူးပါသူငယ်ချင်း ...
Good for people to know.
Post a Comment