ရုပ်ပွားတော်ကို အနီးကပ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်..
အေးချမ်းခြင်း၊ တည်ငြိမ်ခြင်း တို့ကိုခံစားရပါတယ်..
သူငယ်ချင်း နေဘုန်းလတ် တစ်ယောက် အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ...
မြန်မာပြည်အေးချမ်းပါစေ...
ပြည်သူတွေ ငြိမ်းချမ်းပါစေ...
ပုဂံရဲ့နေထွက်ချိန်တစ်ခုကို လှေပေါ်ကနေလှမ်းရိုက်ထားတာပါ ...။ တစ်ဘက်မှာက ထွက်ဖို့ဟန်ပြင်နေတဲ့နေမင်း ... တစ်ဘက်မှာက စေတီတစ်ဆူ၊ နောက်ပြီး အလယ်နားလောက်မှာက လှေငယ်လေးတစ်စင်း ... ။ အရောင်တွေသိပ်မလှပေမယ့် ဟန်ချက်အရ သဘောကျလို့ ဒီပုံလေးကိုတင်ဖြစ်တာပါ ...။ ဒီပုံလေးရဲ့ ခေါင်းစဉ်ကိုတော့ လက်တလောကျွန်တော်ခံစားနေရတဲ့ ခံစားချက်အတိုင်း ... ထွက်ပါတော့ နေမင်းရယ်လို့ ပေးလိုက်ပါတယ် ...။ အမှောင်ထဲမှာ နေနေရတာ သိပ်ကြာနေပြီဗျာ ...။




Their Drawing Painting
It was taken at the time of one evening in

ချောင်းသာညနေခင်းတစ်ခုရဲ့ နေ၀င်ချိန်အလှကိုရိုက်ထားတာပါ။ နေက၀င်သွားပြီးပြီဆိုပေမယ့် ... အရောင်တွေကိုတော့ တိမ်တွေပေါ်တင်ပြီး ချန်ထားရစ်ခဲ့ပါတယ် ...။ လက်ဆုပ်လက်ကိုင်မပြနိုင်ပေမယ့် ဒုနဲ့ဒယ်နဲ့ ဖြစ်တည်နေကြတဲ့ စွေးစွေးနီတိမ်စိုင် တိမ်လိပ်တွေကလဲ တစ်နေရာရာကို စုဝေးချီတက်နေကြသလိုပါပဲ ...။ ကောင်းကင်နဲ့ တိမ်တွေကိုချည်းမရိုက်ပဲ အနားကသစ်ပင်ကိုပါ ထည့်ရိုက်လိုက်တာကတော့ ... အနီးအဝေးဟန်ချက်ကို ညီမျှသွားစေချင်လို့ပါ ...။