ပုဂံရဲ့နေထွက်ချိန်တစ်ခုကို လှေပေါ်ကနေလှမ်းရိုက်ထားတာပါ ...။ တစ်ဘက်မှာက ထွက်ဖို့ဟန်ပြင်နေတဲ့နေမင်း ... တစ်ဘက်မှာက စေတီတစ်ဆူ၊ နောက်ပြီး အလယ်နားလောက်မှာက လှေငယ်လေးတစ်စင်း ... ။ အရောင်တွေသိပ်မလှပေမယ့် ဟန်ချက်အရ သဘောကျလို့ ဒီပုံလေးကိုတင်ဖြစ်တာပါ ...။ ဒီပုံလေးရဲ့ ခေါင်းစဉ်ကိုတော့ လက်တလောကျွန်တော်ခံစားနေရတဲ့ ခံစားချက်အတိုင်း ... ထွက်ပါတော့ နေမင်းရယ်လို့ ပေးလိုက်ပါတယ် ...။ အမှောင်ထဲမှာ နေနေရတာ သိပ်ကြာနေပြီဗျာ ...။
Showing posts with label ပုဂံ. Show all posts
Showing posts with label ပုဂံ. Show all posts
Saturday, October 27, 2007
ထွက်ပါတော့ နေမင်းရယ် ...
ပုဂံရဲ့နေထွက်ချိန်တစ်ခုကို လှေပေါ်ကနေလှမ်းရိုက်ထားတာပါ ...။ တစ်ဘက်မှာက ထွက်ဖို့ဟန်ပြင်နေတဲ့နေမင်း ... တစ်ဘက်မှာက စေတီတစ်ဆူ၊ နောက်ပြီး အလယ်နားလောက်မှာက လှေငယ်လေးတစ်စင်း ... ။ အရောင်တွေသိပ်မလှပေမယ့် ဟန်ချက်အရ သဘောကျလို့ ဒီပုံလေးကိုတင်ဖြစ်တာပါ ...။ ဒီပုံလေးရဲ့ ခေါင်းစဉ်ကိုတော့ လက်တလောကျွန်တော်ခံစားနေရတဲ့ ခံစားချက်အတိုင်း ... ထွက်ပါတော့ နေမင်းရယ်လို့ ပေးလိုက်ပါတယ် ...။ အမှောင်ထဲမှာ နေနေရတာ သိပ်ကြာနေပြီဗျာ ...။
Thursday, August 23, 2007
အနုသုခုမလက်ရာ ...(Fine Art Handiwork)

ပြီးခဲ့တဲ့ ပုဂံခရီးစဉ်တုန်းက နောက်ဆုံးရိုက်ခဲ့တဲ့ပုံပါ ...။ ရှေးမြန်မာတို့ရဲ့ အနုသုခုမလက်ရာတွေကို အံ့ချီးဖွဖွဖြစ်ရသလို ... ။ ရင်ထဲက ကြည်ညိုသဒ္ဒါစိတ်ကိုလဲ ... တဖွားဖွားပေါ်လာစေပါတယ် ...။
Fine Art Handiwork
Last Bagan Trip, this photo was taken lastly. Ancient Myanmar's fine art handiworks are not only astonished but also happened steadily respects and generosity in heart.
Friday, August 17, 2007
နေမ၀င်သေးတဲ့ညနေ (၂) (၃)


ဒီပုံနှစ်ပုံကို ရိုက်တဲ့အချိန်က သိပ်မကွာပါဘူး ... နေရဲ့အနေအထားကိုလိုက်ပြီး အရောင်တွေပြောင်းလဲသွားပုံကို မြင်သာအောင် ဒီနှစ်ပုံကိုယှဉ်ပြပေးထားတာပါ။ အဲဒီ့နေ့က Digital ကင်မရာနဲ့ဆိုတော့ ဖလင်တွေဘာတွေ နှမြောစရာမလိုတာနဲ့ တောက်ရှောက်ရိုက်နေရာကနေ ...အခုလို အရောင်မတူတဲ့ နေ၀င်ချိန်ဓါတ်ပုံတွေကို ရခဲ့တာပါ။ အရင်က အဲဒါကိုသတိမထားမိခဲ့ပါဘူး ...။
The Evening Before Sunset (2) (3)
The time which these two photos are taken, is not too much different.
To be able to see about changing colors, these two are shown as comparison. At that day, as taking with Digital camera and as no need to stingy about films, while taking through out the time, I got sunset photos with different colors like this. Before, I didn't aware of that.
Thursday, August 9, 2007
အဆင့် ... (Step)

ပုဂံက ရှားရှားပါးပါး အပေါ်တက်လို့ရတဲ့ ဘုရားတစ်ဆူမှာပါ ...။ အဆင့်အဆင့်တွေတက်သွားတဲ့ လှေခါးတွေကို အောက်ကနေမော့ကြည့်လိုက်တဲ့အခါ ... အမျိုးအမည်မသိတဲ့ခံစားချက်တစ်ခုကို ခံစားလိုက်ရပါတယ် ...။
Step
InBagan , it is a temple which is rarely allowed to climb it up.When I gazed up stairs with steps by steps, I did feel anonymous feeling.
Wednesday, August 8, 2007
နေမ၀င်သေးတဲ့ညနေ(၁) (The evening before sunset 1)

နေရဲ့နောက်ဆုံးလက်ကျန်အလင်းတွေနဲ့ ယဉ်ယဉ်လေးလှနေတဲ့ ပုဂံရဲ့ညနေတစ်ခုကိုရိုက်ထားတာပါ။ နေ၀င်ချိန်မှာနေလုံးကို တိုက်ရိုက်မယူပဲ နေရဲ့အလင်းရောင်တစွန်းတစကိုပဲ ပါးပါးလေးယူပြီးရိုက်ထားပါတယ်။
Dusk (or) The evening before sunset (1)
One elegant and beautiful evening in Bagan was taken with the last resting light of sun.
At the time of sunset, I took it partial light of sun flimsy without directly taking the whole sun. Bagan is the ancient city of Myanmar which dynasty ran from 11th to 13th Century and located on the east bank of the Ayeyarwady River, about 300 km south of Mandalay. It is very famous for its sunrise and sunset view over 2000 pagodas and temples.
Subscribe to:
Posts (Atom)