Monday, September 8, 2008

ဆားချက်ခြင်း (၁)

ရေဘူးပုံလေးတွေ တန်းစီထားပုံကို သဘောကျ၍ ရိုက်ထားခြင်းဖြစ်သည်.. မြင်ကွင်းတွေ မတူတဲ့ ရှုထောင့်က ကျွန်တော်တို့ တွေဟာ
အရာဝတ္ထုတွေကို ကြည့်နေပြီး ငြင်းခုန်နေကြတာထက် မတူညီတဲ့ ရှုထောင့်တွေကို လိုက်ကြည့်ပြီး အလှတရားကို ရှာကြည့်ရအောင်...

drinking water

ရှဥ့်လေးတစ်ကောင် ဗာဒံစေ့ကို စားနေတဲ့ပုံပါ.. ကျွန်တော်တို့ ဘေးမှာ သိပ်လှတဲ့ သဘာဝတရားကြီးရှိနေတယ်...သိပ်ချစ်ဖို့ကောင်းတဲ့
အရာတွေ ရှိနေတယ်.. အပြစ်ကင်းတဲ့ ဖြူစင်မှုတွေ ရှိနေတယ်...

squirrel

ဆားချက်တယ် .. ဆားချက်တယ် .. ဆိုပြီး ဘလောက်လောကမှာ ကြားနေ ဖတ်နေရတာ ကြာပြီ..
အခုတော့ ကျွန်တော်ကိုယ်တိုင် ဆားချက်လိုက်ရပါတယ်...

ကိုဘဦးတို့လုပ်တဲ့ World Photography Day မှာတင်ထားတဲ့ ကျွန်တော့်ပုံလေးတွေကို ဒီမှာ ပြန်တင်လိုက်တာပါ...
အဲဒီက ပုံလေးတွေက ကောင်းတယ်ဗျ(သူများပုံတွေကို ပြောတာ) ...

အယင် ဓာတ်ပုံတွေကို စပြီး အင်တာနက်ပေါ် တင်တုန်းက ကိုယ့်ရိုက်တဲ့ပုံမှာ နာမည်လေးကို ထည့်ထားတယ်..
အခုတော့ မထည့်ဖြစ်တော့ပါဘူး..
နာမည်ပါနေရင် ဓာတ်ပုံရဲ့ အလှပျက်သွားသလားလို့..

နေဘုန်းလတ်က သူ့ဘလောက်မှာ ဓာတ်ပုံတင်မယ်ဆိုရင်
“ဘာကြောင့် ဘယ်လိုခံစားပြီး ဒီဓာတ်ပုံကို ရိုက်ပါတယ် ၊ ဒီ ဓာတ်ပုံကို ကြည့်ပြီး ဘယ်လိုခံစားရပါတယ်” ဆိုတဲ့
စာသားလေးတွေ ရေးပေးစေချင်တယ်.. ကျွန်တော်က စာရေးပျင်းတော့ သူ့ရဲ့ “အလင်းနဲ့ရေးတဲ့ ပန်းချီ”မှာ မတင်ဖြစ်ခဲ့ပါဘူး...

သူအဖမ်းခံရ အပြီး ၂၀၀ဂ ဖေဖေါ်ဝါရီမှာ စပြီး ပိုစ့်လေးတွေ တင်ဖြစ်တယ်... ဒါပေမယ့် မအားလှတဲ့ အလုပ်ချိန်တွေ ကြောင့်ရော
ပိုစ့် အနည်းငယ် တင်အပြီး ဧပြီလမှာ ခဏရပ်သွားခဲ့တယ်။

အခုတော့ ကျွန်တော့်ကို အင်တာနက် စာမျက်နှာပေါ် အတင်းတွန်းပို့နေသည့် အရာတစ်ခုကို ကျွန်တော်တွေ့လိုက်ရတယ်...
မနက် အစောထပြီး အလုပ်သွားရမှာကို အခု ၁၂နာရီ ကျော် ၁ နာရီ ထိုးတော့မည့် အချိန်ထိ ပိုစ့်တစ်ခု အပြီး တင်ဖို့ မျက်လုံးတွေကို
အတင်းပြူးထားရတယ်... ခုတော့ အိပ်ချိန်ရောက်ပါပြီ... ကောင်းသောညပါ..

Saturday, September 6, 2008

အလင်း ရောင်စုံ ည..

ဘလောက်တစ်ခုလုပ်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စ တစ်ခုပါ..
အချိန်တွေ နည်းလွန်းလှတဲ့ ထဲမှာ ပိုစ့်တစ်ခုတင်ဖို့ရာ မနည်းအချိန်ပေးရပါတယ်.. တင်မယ်လို့လုပ်လိုက်ပေမယ့် ရှိနေတဲ့ ဓာတ်ပုံလေးတွေက
စိတ်တိုင်းကျ မဟုတ်တော့ မတင်ဖြစ်ပြန်ဘူး..

တနေ့က စင်္ကာပူရဲ့ ညရှုခင်း.. စင်္ကာပူမြစ်နဲ့ မိုးမြင့်တိုက်တွေကို ရိုက်ဖြစ်ခဲ့တယ်..မဆိုးလှတဲ့ ဓာတ်ပုံလေးတွေမို့
ဘလောက်မှာ တင်ချင်တယ်... တင်မယ်တင်မယ်နဲ့ မအားတာနဲ့ မတင်ဖြစ်ခဲ့ဘူး..

ဒီနေ့တော့ MBS ကလုပ်တဲ့ World Blog Day အမှတ်တရပွဲလေးကို ဘလောက်ဂါမဟုတ်တဲ့ ကျွန်တော်က ရောက်သွားမိတယ်..
နေဘုန်းလတ်ကို သတိရလာတာတယ်..
အိမ်ကို ပြန်ရောက်တာနဲ့ ဒီပုံလေးတွေကို တင်လိုက်တယ်...


အမှောင်တွေနဲ့ တိုက်ပါမှ လင်း..လင်း လာတဲ့ည

nite seen1

တိမ်တောင်တွေ တရိပ်ရိပ် လွင့်ကတဲ့ ည

nite seen2

မြူးကြွတဲ့ ည..

nite seen 3


သြော်.. နီယွန်တွေ လှပတဲ့ည

nite seen4

ဒီလိုညမှာ...
ဖယောင်းတိုင်တစ်ထုတ်၊ ရက်ပေးမီးချောင်းတစ်ချောင်းနဲ့
ပျက်အစဉ် လာခဏ လျှပ်စစ်မီးနဲ့
မှောင်မိုက်မိုက်..အမေ့အိမ်ကို လွမ်းတယ်..

Saturday, April 5, 2008

အမှောင်ထဲမှ အလင်းနှင့်ပန်းချီရေးချင်သူသို့

ကျွန်တော်တို့ ရဲ့ သူငယ်ချင်းနေဘုန်းလတ်တစ်ယောက် ထောင်နံရံတွေရဲ့ကြားမှာ အသက်ရှုနေရတာ.နှစ်လကျော်သွားပါပြီ..ဘယ်အချိန်မှာလွတ်မြောက်လာမလဲဆိုတာကိုလည်းဘယ်သူမှ မပြောနိုင်သေးပါဘူး..

အလင်းတွေနဲ့ ပန်းချီရေးချင်သူတစ်ယောက်ဟာ အမှောင်တိုက်ထဲကို အသွင်းခံလိုက်ရပါတယ်..

ဒါပေမယ့်..
အမှောင်ဆိုတာလဲ အရောင်တစ်ခုပါပဲလေ..

သူငယ်ချင်း.. အမှောင်တွေကြားမှာလဲ မင်း ပန်းချီတွေဆက်လက်ရေးနိုင်ပါလိမ့်မယ်..

အမှောင်တွေပါးလျ သွားတဲ့အချိန်မှ
အလင်းနဲ့ ပန်းချီတွေကို
ငါတို့တွေ အတူတူ ဆက်ရေးကြတာပေါ့..

အဲဒီအချိန်ကြရင်..

မင်းရေးခဲ့တဲ့ အမှောင်ပန်းချီတွေကို ဖတ်နိုင်ဖို့
င့ါမျက်လုံးတွေကို
ပ၀ါတစ်ထည်နဲ့ တင်းတင်းစီးထားမယ်..

light on the water surface

မဟူရာရောင်တောက်အောင် မှောင်မဲနေသောည အချိန်တွင်
ရေမျက်နှာပြင်ပေါ်သို့ အလင်းရောင်ကျနေပုံဖြစ်သည်။

Friday, March 28, 2008

အင်းဝ မယ်နုအုတ်ကျောင်းမှ ပန်းချီကားလေးများ

shop

ပန်းချီကားတွေကို ဓာတ်ပုံရိုက်ထားတာပါ။

old lady

ပြောင်းဖူးဖက် ဆေးလိပ်နှင့် အမယ်ကြီး

shan

တောင်ပေါ်ဈေးတစ်ခုရဲ့ မြင်ကွင်းလို့ထင်ပါတယ်...

karen

ဇွဲကပင်တောင်နောက်ခံထားပြီးရေးဆွဲထားတာပါ။
ူဒုံးယိမ်းတွေ ရင်ထဲရောက်လာပါတယ်..

smile

ဆေးတံကိုဖွာရင်း အားရပါးရပြုံးတဲ့ အပြုံးတစ်ချက်ပါ။ ရင်ထဲကို အပြုံးတွေ ကူးစက်လာပါတယ်..

Saturday, March 1, 2008

တောင်သမန်၊ ဦးပိန်တံတား နှင့် ဒေါက်တာသန်းထွန်း

sundown to west

နေမင်းကြီးက အနောက်ဘက်ဆီသို့ တရွေ့ရွေ့ ခရီးနှင်နေပါတယ်.. ကျနေလိုခေါ်တဲ့ နေရောင်ပြင်းပြင်းက တောင်သမန်အင်းနဲ့ဦးပိန်တံတားပေါ်ကို ထိုးကျနေတဲ့အချိန်ပေါ့...

fishing under sunlight

ဦးပိန်တံတားအရိပ်အောက် ရေစပ်စပ်ရှိတဲ့နေရာလေးမှာဝမ်းစာရှာနေတဲ့လူအချို့...

sunset

နေလုံးကြီးက သူ့ခန္ဓာကိုယ်ကနေ အရောင်တွေကို အစွမ်းကုန် သွန်ချပြီး လောကကြီးကို တနေ့တာ နှုတ်ဆက်နေလေပြီ...ဒါ သိပ်လှတဲ့ ညနေဆည်းဆာတစ်ခုပေါ့...

same place

ဒီနေရာလေးပါပဲ... တောင်သမန်ရဲ့ ဆည်းဆာကို မှတ်တမ်းတင်ချင်သူတို့ က ရိုက်တဲ့မြင်ကွင်းပါ..

boats

ဟိုး... ခပ်လှမ်းလှမ်းက တောက်သမန်ရေပြင်မှာ ငှက်(လှေ)စီးနေကြတဲ့သူတွေကို လှမ်းမြင်ရတယ်..

Dr than tun

အမရပူရ တောင်လေးလုံးဘုန်းတော်ကြီးကျောင်း မယ်ဇယ်ပင်တွေရဲ့ အောက် ငြိမ်းချမ်း စိတ်ငြိမ်တဲ့ နေရာလေးမှာ..သမိုင်းကိုလေးစားတဲ့ သမိုင်းကိုချစ်တဲ့ သမိုင်းကို မှတ်တမ်းတင်တဲ့ သမိုင်းသုသေတန ဆရာကြီး ဒေါက်တာသန်းထွန်းတစ်ယောက် အေးချမ်းစွာလဲလျောင်းနေပါတယ်..

Thursday, February 28, 2008

မဟာမြတ်မုနိ ရုပ်ပွားတော်

maharmuni


ရုပ်ပွားတော်ကို အနီးကပ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်..
အေးချမ်းခြင်း၊ တည်ငြိမ်ခြင်း တို့ကိုခံစားရပါတယ်..

သူငယ်ချင်း နေဘုန်းလတ် တစ်ယောက် အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ...

မြန်မာပြည်အေးချမ်းပါစေ...

ပြည်သူတွေ ငြိမ်းချမ်းပါစေ...

Tuesday, February 26, 2008

မလကာရေလက်ကြားမှ အိမ်လွမ်းချင်း

malaka st paul2


မလေးရှားနိုင်ငံမှ မလကာ
မြို့ကလေးရှိဘုရားကျောင်းတစ်ခုအတွင်းမှ ရိုက်ယူထားခြင်းဖြစ်ပါတယ်။ အပြင်ရှိ ခေတ်မှီအဆောက်အအုံများကို တံခါးမဲ့သော အပေါက်များမှ လှမ်းမြင်နေရပါတယ်။

ဟောင်းနွမ်းခြင်းနှင့် သစ်လွင်ခြင်း ၊ ပြိုပျက်ခြင်းနှင့် ဖြစ်တည်ခြင်း ဆန့်ကျင်ဘက်မြင်ကွင်းကို ဤပုံလေးတွင် မြင်တွေ့နိုင်ပါတယ်။

ကျွန်တော်ကတော့... အိမ်အိုလေးကို လွမ်းဆွတ် သတိရမိရင်း...

Home-sick rhythm from Malakka

This was taken from one of the old churches from Malakka, Malaysia. Outside modernized buildings are seen from the holes with no doors.

Old and fresh, damaging and growing, like this opposite scene can be seen in it.

As for me,being missing and remembering of small old house from my homeland, Burma....