Saturday, March 1, 2008
တောင်သမန်၊ ဦးပိန်တံတား နှင့် ဒေါက်တာသန်းထွန်း
နေမင်းကြီးက အနောက်ဘက်ဆီသို့ တရွေ့ရွေ့ ခရီးနှင်နေပါတယ်.. ကျနေလိုခေါ်တဲ့ နေရောင်ပြင်းပြင်းက တောင်သမန်အင်းနဲ့ဦးပိန်တံတားပေါ်ကို ထိုးကျနေတဲ့အချိန်ပေါ့...
ဦးပိန်တံတားအရိပ်အောက် ရေစပ်စပ်ရှိတဲ့နေရာလေးမှာဝမ်းစာရှာနေတဲ့လူအချို့...
နေလုံးကြီးက သူ့ခန္ဓာကိုယ်ကနေ အရောင်တွေကို အစွမ်းကုန် သွန်ချပြီး လောကကြီးကို တနေ့တာ နှုတ်ဆက်နေလေပြီ...ဒါ သိပ်လှတဲ့ ညနေဆည်းဆာတစ်ခုပေါ့...
ဒီနေရာလေးပါပဲ... တောင်သမန်ရဲ့ ဆည်းဆာကို မှတ်တမ်းတင်ချင်သူတို့ က ရိုက်တဲ့မြင်ကွင်းပါ..
ဟိုး... ခပ်လှမ်းလှမ်းက တောက်သမန်ရေပြင်မှာ ငှက်(လှေ)စီးနေကြတဲ့သူတွေကို လှမ်းမြင်ရတယ်..
အမရပူရ တောင်လေးလုံးဘုန်းတော်ကြီးကျောင်း မယ်ဇယ်ပင်တွေရဲ့ အောက် ငြိမ်းချမ်း စိတ်ငြိမ်တဲ့ နေရာလေးမှာ..သမိုင်းကိုလေးစားတဲ့ သမိုင်းကိုချစ်တဲ့ သမိုင်းကို မှတ်တမ်းတင်တဲ့ သမိုင်းသုသေတန ဆရာကြီး ဒေါက်တာသန်းထွန်းတစ်ယောက် အေးချမ်းစွာလဲလျောင်းနေပါတယ်..
Subscribe to:
Post Comments (Atom)
2 comments:
လှလိုက်တာ . . . မြန်မာပြည်ကိုအရမ်းလွမ်းတာပဲ။ ဒီနှစ်ပြန်ဖြစ်လို့ရှိရင် ဓါတ်ပုံတွေအများကြီးရိုက်လာရမယ်။ သံစဉ်လည်း ဓါတ်ပုံရိုက်တာ ၀ါသနာပါတယ်။ တော်တော့မတော်ဘူး။ အခုမှ ဘလော့ခ်စရေးခါစဆိုတော့ ဓါတ်ပုံတွေမတင်ရသေးဘူး။ ဒီလထဲမှာတော့ တင်ဖြစ်မယ်ထင်ပါတယ်။ ဂျပန်နိုင်ငံက ရှုခင်းတချို့ပေါ့။ အားရင်လာကြည့်ပါဦး။

Post a Comment