Saturday, September 20, 2008

တစ်ဆယ်တန်ပြပွဲ

ကျွန်တော်မှာရှိတဲ့ လခနဲ့ ဒီလိုကားမျိုးကို ၀ယ်နိုင်ဖို့ရာ မလွယ်ပါဘူး..
ဒါပေမယ့် ကြည့်လို့တော့ကောင်းတယ်ဗျာ..

ရောက်ခဲ့တဲ့ ပြပွဲအမည်က..
DSC_0151

ရိုက်ခဲ့တဲ့ ပုံတွေထဲက အကြိုက်ဆုံးပုံလေးပါ...
DSC_0267

မြင်ခဲ့ တွေ့ခဲ့သောအရာများထဲမှ သက်ရှိများ...
DSC_0158

DSC_0068

DSC_0091

DSC_0253

DSC_0305

DSC_0348

DSC_0367

DSC_0380

မတူတဲ့ မြင်ကွင်းတစ်ခုက မြင်တဲ့အခါ...
DSC_0048

တစ်ဆယ်တန်စွာ ကြည့်ခဲရသော သိန်းသန်းတန်ကားများ..
DSC_0192

DSC_0242

DSC_0045

DSC_0043

အင်ဂျင် ၀ှက်ထားတဲ့ကား..
DSC_0080

အသံ စပီကာတွေ ဆင်ထားတဲ့ကား..
DSC_0056

တခါမှ မရောက်ဖူးတာမို့ ဒီနှစ်ရောက်ခဲ့တယ်... လုံလောက်သွားပါပြီ..ဇော်ဝင်းရှိန် သီချင်းထဲကလိုပါပဲ...
တစ်စီးမှ ကျွန်တော်မပိုင်သေးပါဘူး..

Friday, September 19, 2008

သေတမ်းစာ

သေခြင်း.. ရှင်သန်လာခဲ့ခြင်းရဲ့ အဆုံးသတ်က သေခြင်းတရားပါပဲ...
ကျွန်တော်တို့ဟာ သေဆုံးခြင်းကို အချိန်မရွေး ကြုံတွေ့နိုင်တယ်။
မနေ့က အကောင်းကြီးပဲ ဒီနေ့ ဘယ်လိုဖြစ်တာလဲဆိုတဲ့ ရုတ်တရက်သေခြင်းမျိုးကို
ပတ်ဝန်းကျင်မှာ တွေ့ကြုံရမြဲပါ...

ဘုရားကျောင်းတစ်ခုရှိ ပြာအိုးလေးများနှင့် မှတ်တိုင်လေးများကို ရိုက်ထားခြင်းဖြစ်ပါတယ်
DSC_0227

DSC_0228

ရောဂါကြောင့် သေတယ်၊ မတော်တဆ ထိခိုက်မှုတွေကြောင့်သေတယ်။
အဲလို ကိုယ့်သေမယ့် ရက်ကိုကြိုမသိနိုင်တဲ့ သေခြင်းမျိုးတွေအပြင်
ကိုယ်သေမယ့် ရက် ဒါမှမဟုတ် နှစ်ကို ကြိုသိနေတဲ့ ရောဂါရထားတဲ့သူတွေ...
ကိုယ့်ကို ကို စနစ်တကျ စီမံပြီး အဆုံးစီရင်သူတွေ.. ကိုယ်နဲ့ အတူ
အခြားသူတွေကိုပါ အတူခေါ်ဆောင်သွားတဲ့ အသေခံဗုံးခွဲတိုက်ခိုက်သူတွေ...

သုသာန်ဟောင်းတစ်ခုပါ.. မသုံးတာနှစ်ပေါင်းကြာလှပြီဖြစ်တဲ့ ဒီနေရာမှာ ဘယ်သူ ပန်းခွေလာချသွားတာပါလဲ...
DSC_0008

DSC_0004

ဘယ်လိုနည်းမျိုးနဲ့ သေ သေ... မသေခင်မှာ တန်ဖိုးရှိအောင်လေးနေသွားရအောင်..
မာန်မာနတွေကို နည်းနည်းလောက် ထိန်းကြည့်ပါ.. ဒေါသတွေကို လျှော့ကြည့်ပါ..
လိုချင်မှု လောဘတွေကို ရောင့်ရဲကြည့်ပါ.. လူအချင်းချင်း စာနာကြည့်ပါ... လေးစားပါ..
ဂရုဏာတရားထားပါ...

ကျွန်တော်ကို ကျွန်တော် သတိပေးတယ်...
“သေခြင်းတရားမှာ လက်တကမ်းမှာ ရှိတယ်!!!!”

ကျွန်တော်သာ ရုတ်တရက်သေဆုံးသွားရင်...
ကျွန်တော့်ကြောင့် စိတ်ဒုက္ခ အကြီးအကျယ်ရောက်ကြတဲ့သူတွေ ကျွန်တော်အား ခွင့်လွတ်ပါရန်...

Tuesday, September 16, 2008

ထိုးထွင်းဖောက်သော အလှတရားများ..

ကျွန်တော် မလကာ ရေလက်ကြားမြို့ကလေးကို ရောက်တုန်းက ပြတိုက်တွေ တစ်တိုက်ပြီးတစ်တိုက် ၀င်ကြည့်ခဲ့တယ်..
ပြတိုက်အများစုက မလေးဘာသာစကားကို အသုံးပြုပြီး တချို့သာ အင်္ဂလိပ်ဘာသာကို တွဲဖက်ဖော်ပြထားတယ်..
မလေးဘာသာ အသုံးပြုတဲ့ ပြတိုက်တွေမှာဆို တစ်ယောက်တည်း ယောင်လည်လည်နဲ့ ဓာတ်ပုံတွေကိုကြည့်၊
ပန်းချီကားတွေ ကြည့်၊ ကြိုက်တာလေးတွေ ထူးဆန်းတာလေးတွေ တွေ့ရင် ဓာတ်ပုံရိုက်မိတယ်..

ဒီပုံလေးက ပန်းချီကားပါ။ ပါးစပ်ထဲကို ပန်းကန်ပြားလေးတွေထည့်တဲ့ လူမျိုးတစ်မျိုးရဲ့ ပုံပါ။

DSC_0306

ဒီပုံကလည်း ပန်းချီကားပါ။ စာလုံးတွေ မြင်ဖူးတယ်လို့ မထင်လိုက်ပါနဲ့... မြန်မာပြည်က ဆေးမှင်ကြောင်ပါ။ ရှေးက ကျွန်တော်တို့ဆီမှာ ထိုးကွင်းဆေးမှင်ကြောင်မရှိရင် ယောင်္ကျားမပီသဘူးလို့ထင်ကြတယ်..အခုခေတ်မှာတော့ ဒါမျိုးတွေရှားပါးသွားပါပြီ...

DSC_0307

ဒါကတော့ ရုပ်ထုပါ.. နှာခေါင်းမှာ အပေါက်ပါတဲ့ လူရိုင်းတစ်ယောက်ရဲ့ ပုံပါ..

DSC_0308

နားမှာ အပေါက်ကြီးကြီးတွေရှိတဲ့ လူမျိုးတွေရဲ့ ပုံပါ.. ဘေးက လေးပုံက ဓာတ်ပုံဖြစ်ပြီးတော့ အလယ်က ပုံကတော့ ရုပ်ထုကို
ဓာတ်ပုံရိုက်ထားတာလို့ ထင်ပါတယ်။ တနေ့က MRT စီးတုန်းမှာ နားပေါက်ကြီးကြီးနဲ့ အဖြူတစ်ယောက်ကို တွေ့လိုက်ရတယ်..

DSC_0309

နောက်ဆုံးတစ်ပုံကတော ကျွန်တော် အကြိုက်ဆုံးပါ.. သွားတွေကို တံစဉ်းနဲ့ ချွန်ထက်အောက် စားထားတဲ့ လူတစ်ယောက်ရဲ့ပုံပါ။

DSC_0311

ဒါပုံတွေကို ကြည့်ပြီးတော့ လူမျိုးတွေမတူသလို ဓလေ့တွေ ခြားနားပါတယ်.. အားလုံးက လှတယ်လို့ ထင်ကြတဲ့ အရာတွေဟာ
မတူနိုင်ပါဘူး..

သနပ်ခါး ပါးကွက်ကြားလေးနဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော်တို့ မြန်မာတွေက လှတယ်လို့ထင်ပေမယ့် တခြားလူမျိုးတွေက
မျက်နှာရဲ့ သဘာဝ အလှကိုဖျက်တယ်လို့ ထင်ကြပါတယ်...

Sunday, September 14, 2008

အရှိန် နှင့် စင်္ကာပူ

ကင်မရာကို စကိုင်စ ကတည်းက ညဘက်ကို ဓာတ်ပုံရိုက်ထွက်ရင် စိတ်တိုင်းမကျတဲ့ ပုံတွေ ထွက်ထွက်လာတယ်။
တချို့က မှုန်ဝါးဝါး တချို့က ဘလားဘလား...

ဒီရက်ပိုင်းမှ စိတ်တိုင်းကျ ပုံလေးတွေရလာတယ်... Shutter speed ကို နားလည်လိုက်ခြင်းရဲ့ ပထမဆုံးပုံလေးကတော့
အိမ်က စာအုပ်စင်လေးပါ... အိပ်မက်ဆန်ဆန် ၀ိုးတ၀ါး ပုံရိပ်တွေကို ကျွန်တော်သဘောကျမိတယ်။

DSC_0003

မီးပွိုင့် တစ်ခုမှာ ဖြတ်သွားတဲ့ ကားတွေကို ရိုက်ထားတာပါ...

DSC_0016

ဒါကတော့ နောက်တစ်ပုံပါ..

DSC_0017

ဒီပုံမှာ တော့ ဟိုး အဝေးက စင်္ကာပူ ပါလီမန်ကို လှမ်းမြင်ရတယ်။ အဲဒီမှာ စင်္ကာပူရဲ့ အရှိန်ကို ကျွန်တော်တွေးမိသွားတယ်။

DSC_0018

အရှိန်နဲ့အဟုန်နဲ့ စင်္ကာပူလူမျိုးတွေကြိုးစားခဲ့ကြတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခု ငါးခုလောက်ကမှပါ... အခုတော့ ကမ္ဘာ့ရဲ့
အဖွံ့ဖြိုးဆုံး နိုင်ငံတွေထဲမှာ ရှိနေပါပြီ... အကောင်းနဲ့ အဆိုးဆိုတာ ခွဲခြားလို့မရ အောင် ဒွန်တွဲနေတတ်တဲ့ အရာနှစ်ခုပါ...
ပြီးပြည့်စုံခြင်း၊ အရာရာမှာ ကောင်းနေခြင်းဆိုတာ လောကမှာ မရှိနိုင်ပါဘူး...စင်္ကာပူဟာ အမှားအနည်းဆုံးလမ်ကြောင်းပေါ်ကို
ရောက်ခဲ့တယ်။
တတိယမျိုးဆက် ၀န်ကြီးချုပ် လီရှန်လုံးက “ ငါတို့မှာ ကြီးကျယ်တဲ့ သမိုင်းဆိုတာမရှိခဲ့ဘူး.. ဒါကြောင့်
သမိုင်းရှိခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကြည့်ပြီး အတုယူရမယ်၊ သူတို့အမှားတွေကို ကြည့်ပြီး ငါတို့ သင်ခန်းစာယူရမယ်” လို့ ပြောတယ်။

DSC_0002

ကျွန်တော်တို့ တွေလည်း စင်္ကာပူလူမျိုးတွေဆီက အတုယူစရာတွေ အများကြီး ရှိနေပါတယ်...။

Saturday, September 13, 2008

ဟဲ့... နွား... သွားဟ..

စိုက်ပျိုးရေးအခြေခံနိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံ နဲ့ အိမ်နီးချင်းနိုင်ငံ အချို့ မှာ နွားကို ထွန်ယက်စိုက်ပျိုးဖို့ အသုံးပြုကြပါတယ်။
ဒါပေမယ့် ကျွန်တော့် အလုပ်က တရုတ်ကလေးတွေက ပြောတယ်။ သူတို့ တရုတ်နိုင်ငံမှာ နွားကိုမသုံးတာ ဆယ်စုနှစ်နှစ်ခုနီးပါး ရှိနေပါပြီတဲ့ ၊ နွားအစား စက်များကို အသုံးပြုကြတယ်တဲ့ ။

မြက်သယ်လာတဲ့ နွားလှည်းတစ်စီးကို ရိုက်ထားတာပါ။ နွားလှည်းကို သယ်ယူပို့ဆောင်ရေး မှာလည်း ကျွန်တော်တို့ တွေ အသုံးပြုဆဲပါ။

DSC02666

ဝန်းခြံ ကျယ်ကျယ် မြက်ပေါတဲ့ နေရာတွေမှာ နွားတွေကို လွတ်ထားပြီး ကျောင်းကြလေ့ရှိတယ်။

DSC03235

အဲလို နေရာတွေထဲက တစ်နေရာဟာ ရတနာပုံ တက္ကသိုလ် ကျောင်းဝန်းဖြစ်နေတာပါပဲ..

DSC03236

သံလွင်အိပ်မက် မဂ္ဂဇင်းမှာ တင်ဖူးတဲ့ လယ်သမားတစ်ယောက် လယ်ထွန်နေတဲ့ ပုံဖြစ်ပါတယ်..

DSC03225

နွားက နေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ပြီဆိုတဲ့ သတင်းထူးတစ်ခုကြောင့် နွားပေါများတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး မီးထိန်ထိန်လင်းတော့မယ်လို့ ထင်မိသော်လည်း...

Friday, September 12, 2008

အနိမ့် အမြင့်၊ အတက် အကျ

အပေါ်ကို မော်ကြည့်လိုက်တော့ အဆောက်အဦး မြင့်မြင့်ကို မြင်ရတယ်...
ဘ၀မှာလည်း အတူတူပါပဲ.. တခါတလေမှာ အောင်မြင်မှုတွေ ကြွယ်ဝမှုတွေ အာဏာရှိမှု တွေနဲ့ ကြုံရတတ်ပါတယ်။

F1010010

ကိုယ်ရောက်နေတဲ့ နေရာကနေ အောက်ဖက်ကို ခဏလောက်ပြန်ကြည့်လိုက်ပါ။ ကျွန်တော်တို့ တွေ ဘယ်နေရာက တက်လာကြတာလဲ
ဆိုတာ ကိုယ်တိုင် သတိရစေတဲ့ အရာမျိုးကိုပါ။

F1010028

ဘ၀မှာ အနိမ့်တွေကိုလည်း ကြုံရ သလို အမြင့်ကိုလည်း ကြုံရမှာပါပဲ.. ကိုယ်နိမ့်ကျနေတဲ့ အချိန်မှာ ဥာဏ်၊ ၀ီရိယ အားကိုးပြီး ကံကောင်းတဲ့တစ်ချိန်မှာ အပေါ်ကို ရောက်သွားတတ်ကြတယ်...

အမြင့် ဆိုတာက အချိန်မရွေး အောက်ကို ပြုတ်ကျ နိုင်တဲ့ အရာပါ။ အဲဒီ သဘောတရားကို နားလည်ဖို့ လိုပါလိမ့်မယ်...
တချို့ အမြင့်ကနေတဲ့သူများ ဟာ အောက်ကို ဖိရင်းဖိရင် နေရာမှာ မြဲဖို့ ကျားကန်နေကြတယ်... အဲဒီသူများဟာ အကျရဲ့ အရှိန်ကို
မခံနိုင်ဘဲ ဖြစ်တတ်ပါတယ်... ကျားကန်ခံနေရတဲ့ ဖိနှိပ်ခံ အရာတွေ ပြိုလဲတဲ့ အချိန်မှာ ၀ုန်းခနဲ ဆိုပြီး လဲကျတတ်ပါတယ်..

အနိမ့် အမြင့် အတက် အကျ ဆိုတာက လောကမှာ ရှိတဲ့ သဘာဝတရား တစ်ခုအနေနဲ့ လက်ခံထားပြီး ...
အမြင့်ကို တက်ချိန်မှာ အခြေ မလွတ်ဖို့ ( ဘ၀င် လေမဟပ်ဖို့)ရယ် အနိမ့်ကို ကျတဲ့ အချိန်မှာ သက်သာစွာ ဆင်းသက်နိုင်ဖို့လည်း ပြင်ဆင်ထားရအောင်...

Monday, September 8, 2008

ဆားချက်ခြင်း (၁)

ရေဘူးပုံလေးတွေ တန်းစီထားပုံကို သဘောကျ၍ ရိုက်ထားခြင်းဖြစ်သည်.. မြင်ကွင်းတွေ မတူတဲ့ ရှုထောင့်က ကျွန်တော်တို့ တွေဟာ
အရာဝတ္ထုတွေကို ကြည့်နေပြီး ငြင်းခုန်နေကြတာထက် မတူညီတဲ့ ရှုထောင့်တွေကို လိုက်ကြည့်ပြီး အလှတရားကို ရှာကြည့်ရအောင်...

drinking water

ရှဥ့်လေးတစ်ကောင် ဗာဒံစေ့ကို စားနေတဲ့ပုံပါ.. ကျွန်တော်တို့ ဘေးမှာ သိပ်လှတဲ့ သဘာဝတရားကြီးရှိနေတယ်...သိပ်ချစ်ဖို့ကောင်းတဲ့
အရာတွေ ရှိနေတယ်.. အပြစ်ကင်းတဲ့ ဖြူစင်မှုတွေ ရှိနေတယ်...

squirrel

ဆားချက်တယ် .. ဆားချက်တယ် .. ဆိုပြီး ဘလောက်လောကမှာ ကြားနေ ဖတ်နေရတာ ကြာပြီ..
အခုတော့ ကျွန်တော်ကိုယ်တိုင် ဆားချက်လိုက်ရပါတယ်...

ကိုဘဦးတို့လုပ်တဲ့ World Photography Day မှာတင်ထားတဲ့ ကျွန်တော့်ပုံလေးတွေကို ဒီမှာ ပြန်တင်လိုက်တာပါ...
အဲဒီက ပုံလေးတွေက ကောင်းတယ်ဗျ(သူများပုံတွေကို ပြောတာ) ...

အယင် ဓာတ်ပုံတွေကို စပြီး အင်တာနက်ပေါ် တင်တုန်းက ကိုယ့်ရိုက်တဲ့ပုံမှာ နာမည်လေးကို ထည့်ထားတယ်..
အခုတော့ မထည့်ဖြစ်တော့ပါဘူး..
နာမည်ပါနေရင် ဓာတ်ပုံရဲ့ အလှပျက်သွားသလားလို့..

နေဘုန်းလတ်က သူ့ဘလောက်မှာ ဓာတ်ပုံတင်မယ်ဆိုရင်
“ဘာကြောင့် ဘယ်လိုခံစားပြီး ဒီဓာတ်ပုံကို ရိုက်ပါတယ် ၊ ဒီ ဓာတ်ပုံကို ကြည့်ပြီး ဘယ်လိုခံစားရပါတယ်” ဆိုတဲ့
စာသားလေးတွေ ရေးပေးစေချင်တယ်.. ကျွန်တော်က စာရေးပျင်းတော့ သူ့ရဲ့ “အလင်းနဲ့ရေးတဲ့ ပန်းချီ”မှာ မတင်ဖြစ်ခဲ့ပါဘူး...

သူအဖမ်းခံရ အပြီး ၂၀၀ဂ ဖေဖေါ်ဝါရီမှာ စပြီး ပိုစ့်လေးတွေ တင်ဖြစ်တယ်... ဒါပေမယ့် မအားလှတဲ့ အလုပ်ချိန်တွေ ကြောင့်ရော
ပိုစ့် အနည်းငယ် တင်အပြီး ဧပြီလမှာ ခဏရပ်သွားခဲ့တယ်။

အခုတော့ ကျွန်တော့်ကို အင်တာနက် စာမျက်နှာပေါ် အတင်းတွန်းပို့နေသည့် အရာတစ်ခုကို ကျွန်တော်တွေ့လိုက်ရတယ်...
မနက် အစောထပြီး အလုပ်သွားရမှာကို အခု ၁၂နာရီ ကျော် ၁ နာရီ ထိုးတော့မည့် အချိန်ထိ ပိုစ့်တစ်ခု အပြီး တင်ဖို့ မျက်လုံးတွေကို
အတင်းပြူးထားရတယ်... ခုတော့ အိပ်ချိန်ရောက်ပါပြီ... ကောင်းသောညပါ..

Saturday, September 6, 2008

အလင်း ရောင်စုံ ည..

ဘလောက်တစ်ခုလုပ်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စ တစ်ခုပါ..
အချိန်တွေ နည်းလွန်းလှတဲ့ ထဲမှာ ပိုစ့်တစ်ခုတင်ဖို့ရာ မနည်းအချိန်ပေးရပါတယ်.. တင်မယ်လို့လုပ်လိုက်ပေမယ့် ရှိနေတဲ့ ဓာတ်ပုံလေးတွေက
စိတ်တိုင်းကျ မဟုတ်တော့ မတင်ဖြစ်ပြန်ဘူး..

တနေ့က စင်္ကာပူရဲ့ ညရှုခင်း.. စင်္ကာပူမြစ်နဲ့ မိုးမြင့်တိုက်တွေကို ရိုက်ဖြစ်ခဲ့တယ်..မဆိုးလှတဲ့ ဓာတ်ပုံလေးတွေမို့
ဘလောက်မှာ တင်ချင်တယ်... တင်မယ်တင်မယ်နဲ့ မအားတာနဲ့ မတင်ဖြစ်ခဲ့ဘူး..

ဒီနေ့တော့ MBS ကလုပ်တဲ့ World Blog Day အမှတ်တရပွဲလေးကို ဘလောက်ဂါမဟုတ်တဲ့ ကျွန်တော်က ရောက်သွားမိတယ်..
နေဘုန်းလတ်ကို သတိရလာတာတယ်..
အိမ်ကို ပြန်ရောက်တာနဲ့ ဒီပုံလေးတွေကို တင်လိုက်တယ်...


အမှောင်တွေနဲ့ တိုက်ပါမှ လင်း..လင်း လာတဲ့ည

nite seen1

တိမ်တောင်တွေ တရိပ်ရိပ် လွင့်ကတဲ့ ည

nite seen2

မြူးကြွတဲ့ ည..

nite seen 3


သြော်.. နီယွန်တွေ လှပတဲ့ည

nite seen4

ဒီလိုညမှာ...
ဖယောင်းတိုင်တစ်ထုတ်၊ ရက်ပေးမီးချောင်းတစ်ချောင်းနဲ့
ပျက်အစဉ် လာခဏ လျှပ်စစ်မီးနဲ့
မှောင်မိုက်မိုက်..အမေ့အိမ်ကို လွမ်းတယ်..