Saturday, April 5, 2008

အမှောင်ထဲမှ အလင်းနှင့်ပန်းချီရေးချင်သူသို့

ကျွန်တော်တို့ ရဲ့ သူငယ်ချင်းနေဘုန်းလတ်တစ်ယောက် ထောင်နံရံတွေရဲ့ကြားမှာ အသက်ရှုနေရတာ.နှစ်လကျော်သွားပါပြီ..ဘယ်အချိန်မှာလွတ်မြောက်လာမလဲဆိုတာကိုလည်းဘယ်သူမှ မပြောနိုင်သေးပါဘူး..

အလင်းတွေနဲ့ ပန်းချီရေးချင်သူတစ်ယောက်ဟာ အမှောင်တိုက်ထဲကို အသွင်းခံလိုက်ရပါတယ်..

ဒါပေမယ့်..
အမှောင်ဆိုတာလဲ အရောင်တစ်ခုပါပဲလေ..

သူငယ်ချင်း.. အမှောင်တွေကြားမှာလဲ မင်း ပန်းချီတွေဆက်လက်ရေးနိုင်ပါလိမ့်မယ်..

အမှောင်တွေပါးလျ သွားတဲ့အချိန်မှ
အလင်းနဲ့ ပန်းချီတွေကို
ငါတို့တွေ အတူတူ ဆက်ရေးကြတာပေါ့..

အဲဒီအချိန်ကြရင်..

မင်းရေးခဲ့တဲ့ အမှောင်ပန်းချီတွေကို ဖတ်နိုင်ဖို့
င့ါမျက်လုံးတွေကို
ပ၀ါတစ်ထည်နဲ့ တင်းတင်းစီးထားမယ်..

light on the water surface

မဟူရာရောင်တောက်အောင် မှောင်မဲနေသောည အချိန်တွင်
ရေမျက်နှာပြင်ပေါ်သို့ အလင်းရောင်ကျနေပုံဖြစ်သည်။