Saturday, October 27, 2007

ထွက်ပါတော့ နေမင်းရယ် ...

ပုဂံရဲ့နေထွက်ချိန်တစ်ခုကို လှေပေါ်ကနေလှမ်းရိုက်ထားတာပါ ...။ တစ်ဘက်မှာက ထွက်ဖို့ဟန်ပြင်နေတဲ့နေမင်း ... တစ်ဘက်မှာက စေတီတစ်ဆူ၊ နောက်ပြီး အလယ်နားလောက်မှာက လှေငယ်လေးတစ်စင်း ... ။ အရောင်တွေသိပ်မလှပေမယ့် ဟန်ချက်အရ သဘောကျလို့ ဒီပုံလေးကိုတင်ဖြစ်တာပါ ...။ ဒီပုံလေးရဲ့ ခေါင်းစဉ်ကိုတော့ လက်တလောကျွန်တော်ခံစားနေရတဲ့ ခံစားချက်အတိုင်း ... ထွက်ပါတော့ နေမင်းရယ်လို့ ပေးလိုက်ပါတယ် ...။ အမှောင်ထဲမှာ နေနေရတာ သိပ်ကြာနေပြီဗျာ ...။